YIEGA News

1991-92-93ခုနှစ်၊စီးပွားရေးတက္ကသိုလ်ဘွဲ့ရကျောင်းသား ဟောင်းများအသင်းမှ ၁၄-၇-၁၃(တနင်္ဂနွေ)နေ့တွင် သုဂတော ဓမ္မာရုံမှာ ကြီးမှူးကျင်းပမဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲသို့.. .ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ၊ မည်သည့်ခုနှစ်တွင်မဆို ဘွဲ့ရခဲ့ကြသော၊ (သို့မဟုတ်)၊ အမိစီးပွားရေးတက္ကသိုလ်တွင်ကျောင်းတက်ခဲ့ကြသော သူငယ်ချင်းအားလုံး အား.. အသင်း ၀င်သည်ဖြစ်စေ/ မ၀င်သည်ဖြစ်စေ...ကုသိုလ်ယူ...ပါဝင် တက်ရောက်ကြပါရန်....လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်...။

အဆိုပါနေ့မှ...သင်္ကန်း၊ ထီး၊ ဖိနပ်၊ ယပ်၊ န၀ကမ္မ၀တ္ထုငွေ ပါဝင်လှူဒါန်း မည့်ကုသိုလ်ရှင်များလည်း ရှိပါတယ်..။ အဲ့နေ့မှာ..ဘုန်းကြီးပွဲအတွက် အချိုပွဲ၊ ကျောက်ကျော ကျိုလာမည့်သူများ၊ ဆွမ်းပွဲအတွက် အိမ်မှ ချက်ပြုတ်လာမည့် သူများလည်း စာရင်းရရှိ ထားပါသည်...။

ဤဖွဘုတ်ထဲမှာရှိတဲ့ အသင်းဝင်ပြီးသူများရော/ မ၀င်ရသေးတဲ့သူငယ်ချင်းများပါ...အားလုံး. .၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ ကြွရောက်ပေးကြပါရန် ထပ်မံ၍ဖိတ်မန္တကပြုအပ်ပါသည်ခင်ဗျာ...။

 


 

စီးပွားရေးတက္ကသိုလ်၊ ၁၉၉၁-၉၂-၉၃ဘွဲ့ရအသင်း၏ လစဉ်ပုံမှန်အစည်းအဝေး

၂၀၁၃ ခုနှစ် ဇွန်လ (၂)ရက်နေတွင်ကျင်းပသော ရန်ကုန်စီးပွားရေးတက္ကသိုလ် ၁၉၉၁-၉၂-၉၃ ဘွဲ့ရများ၏ နာယကဆရာကြီးများနှင့် တွေ့ဆုံပွဲနှင့် ပုံမှန်အစည်းအဝေးတွင် ....  အထွေထွေအတွင်းရေးမှူး ကိုအောင်ခိုင်ဦးမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်စဉ်။ —

 


 

၂၀၁၃ ခုနှစ် ဇွန်လ (၂)ရက်နေတွင် ကျင်းပသော ရန်ကုန်စီးပွားရေးတက္ကသိုလ် ၁၉၉၁-၉၂-၉၃ ဘွဲ့ရများ၏ နာယကဆရာကြီးများနှင့် တွေ့ဆုံပွဲနှင့် ပုံမှန်အစည်းအဝေးတွင် ....  ဒုတိယဥက္ကဌ တစ်ဦးဖြစ်သော ကိုစန်းလွင်မှ အသင်းဖွဲ့စည်းဖြစ်သည့် အကြောင်းနှင့် အသင်း၏ရည်ရွယ်ချက် များကို ရှင်းလင်းစဉ် ...

Additional information