Our Objective

  • ၁၉၉၁-၉၂-၉၃ ခုနှစ်များတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ကြသောသူငယ်ချင်းများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပြန်လည်တွေ့ဆုံနိုင်ရန်နှင့် ပရဟိတကုသိုလ်အလုပ်များအားအတူလက်တွဲပူးပေါင်းဆောင်ရွက်ရန်။
  •  ဆရာကန်တော့ပွဲအပါအ၀င်၊ မြန်မာနိုင်ငံစီးပွားရေးတက္ကသိုလ်ဘွဲ့ရများအသင်း(MIEGA) မှ ကြီးမှူးကျင်းပသော အခမ်းအနားများ၌ ၁၉၉၁-၉၂-၉၃ ဘွဲ့ရများအနေဖြင့် စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ရန်။
  •  စီးပွားရေးတက္ကသိုလ်မှ ဆရာ/ ဆရာမကြီးများနှင့် အသင်းဝင်သူငယ်ချင်းများ၏ကျန်းမာရေးနှင့် လူမှုရေးလိုအပ်ချက်များအားတတ်အားသမျှ ကူညီဆောင်ရွက်ပေးရန်။
  •  အထောက်အကူပေးရန်လိုအပ်သောမျိုးဆက်သစ်စီးပွားရေးတက္ကသိုလ် ကျောင်းသူ/ကျောင်းသားများနှင့် အသင်းဝင်သူငယ်ချင်းများ၏ သားသမီးများအတွက်ပညာသင်ထောက်ပံ့ကြေးများတတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးရန်။
  •  စီးပွားရေးတက္ကသိုလ် မျိုးဆက်သစ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ အတွေ့အကြုံ၊ ဗဟုသုတနှင့် ဥာဏ်ပညာကောင်းများကိုမျှဝေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများရှာဖွေပေးရန်။
  •  အမိစီးပွားရေးတက္ကသိုလ်၏ အကျိုးကိုသယ်ပိုးလိုသောဘွဲ့ရညီအကိုမောင်နှမအားလုံး နှင့် လက်တွဲညီညီစည်းလုံးစွာဖြင့် ကာယအား -  ဥာဏအားစိုက်ထုတ် ဆောင်ရွက်သွားရန်။

 

 

 

Additional information